ရုရှားပိုင် ကလင်နင်ဂတ်ဒေသကို ရထားလမ်းကနေပို့တဲ့ကုန်စည်တချို့ကို ပိတ်ပင်လိုက်ပြီးနောက် ဆိုးရွားတဲ့နောက်ဆက်တွဲတွေကြုံရမယ်လို့ ရုရှားနိုင်ငံက လစ်သူရေးနီးယားနိုင်ငံကို သတိပေးလိုက်ပါတယ်။
ဆိုးရွားတဲ့လုပ်ရပ်ကို ရုရှားဘက်က တိတိကျကျတုံ့ပြန်သွားမယ်လို့ အကြီးတန်းလုံခြုံရေးအရာရှိ နီကိုလိုင် ပတ်ထရူရှက်ဗ်ကပြောပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဥရောပသမဂ္ဂကချမှတ်ထားတဲ့ဒဏ်ခတ်အရေးယူမှုတွေကို လိုက်နာနေတာလို့ လစ်သူရေးနီးယားနိုင်ငံဘက်က တုံ့ပြန်ထားပါတယ်။
ရုရှားရဲ့ဘော်လ်တစ်ပင်လယ်သင်္ဘောအုပ်စုအခြေစိုက်တဲ့မဟာဗျူဟာမြောက် ကလင်နင်ဂတ်ဒေသဟာ ရုရှားပြည်မကြီးနဲ့ နယ်စပ်မရှိပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျာမနီကနေ အဲဒီဒေသကို ပြန်သိမ်းယူထားပြီး ဥရောပသမဂ္ဂနဲ့နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဝင် လစ်သူရေးနီးယားနဲ့ ပိုလန်နိုင်ငံတို့က ဝန်းရံထားပါတယ်။
လူ ၁ သန်းလောက်နေထိုင်တဲ့ဒေသဟာ ရုရှားနဲ့ ဥရောပသမဂ္ဂတို့ကတင်သွင်းတဲ့ကုန်ကြမ်းပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေအပေါ် အကြီးအကျယ်မှီခိုနေရပါတယ်။
Source – BBC
#thenationvoicemyanmar
#internationalnews
#နိုင်ငံတကာသတင်း #EU #ဥရောပသမဂ္ဂ #ရုရှား