ကျဆုံး PDF (၁၂) ဦးအတွက် ပွင့်ဖြူမြို့နယ်က ဝါတပ်ကို အမှုန့်ချေမယ်လို့ PRA Magway စစ်ဦးစီးချုပ် ကတိပေ

စစ်ကောင်စီတပ်ရဲ့ အလစ်တိုက်ခိုက်ခံရပြီး ကျဆုံးခဲ့ရတဲ့ PDF (၁၂) ဦးနဲ့ အဖမ်းခံလိုက်သူတွေအတွက် ဝါတပ်ကို အမှုန့်ချေမယ်လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီက ကတိပေးလိုက်ပါတယ်။

ဒီနေ့ မနက်ပိုင်းက ပြည်သူ့ဘက်တော်သား PDF (၂၀) ကျော်လိုက်ပါတဲ့ ဖောကားကို RPG နဲ့ ပစ်ခတ်တာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ကို ဦးဆောင်သူဟာ ဝါစိုက်ပျိုးရေးတပ်က ဗိုလ်မှူး မင်းပိုင်စိုး ဦးစီးတဲ့တပ် ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် အဲဒီ ဝါတပ်ကို ကျဆုံးရဲဘော်တွေအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ တိုက်ခိုက်ချေမှုန်းမယ်လို့ PRA Magway စစ်ဦးစီးချုပ်က ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“ စိတ်ချပါ ရဲဘော်တို့ မင်းတို့ ကောင်းမွန်ငြိမ်းချမ်းစွာ အနားယူပါတော့။ ကျန်ရှိတဲ့ တော်လှန်ရေးခရီးကို ငါတို့ ဆက်လျှောက်ပါမယ်။ အောင်မြင်တဲ့အထိ ကြိုးပမ်းပါ့မယ်၊မင်းတို့အတွက် အကောင်းဆုံး လက်တုန့်ပြန်ပေးပါ့မယ်။ PRA Magway + Salin PDF + Pwintbyu PDF + စေရာ PDF တွေနဲ့ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး ဝါတပ်ကို အမှုန့်ချေ ပေးပါမယ် “ လို့ စစ်ဦးစီးချုပ်ဟာကျူလီက သူ့ရဲ့အကောင့်မှာ ရေးသားထားပါတယ်။

တကယ်တော့ဝါတပ်ဆိုတာ ပွင့်ဖြူမြို့နယ်ထဲက ချည်ထည်စက်ရုံအတွက် ဝါစိုက်ဖို့နဲ့ စက်ရုံကိစ္စတွေ အများဆုံးလုပ်ရတဲ့တပ် ဖြစ်ပြီးတော့ ဒေသခံအခေါ်အရ ဝါတပ်လို့အမည်တွင်တာလည်း ဖြစ်ပါတယ်။

#thenationvoicemyanmar
#ပွင့်ဖြူ #ကျဆုံးPDF #PRAMagway #ဝါတပ်