ဇွန်၂၂၊ The Nation Voice
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့မှာ မုံရွာကနေမန္တလေးကိုထွက်လာတဲ့ စကစယာဥ်(၉၆)စီးကို မနေ့ကမနက်ပိုင်းက (၂)ကြိမ်မိုင်းဆွဲခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CHU PDF က ထုတ်ပြန်ပါတယ်။
စကစတပ်သားတွေလိုက်ပါလာတဲ့ယာဥ်တန်းကို ချောင်းဦးနဲ့ခင်မွန်ရွာကြားမှာ ပဒေသာမိုင်း(၃)လုံးတွဲ(၁)မိုင်း၊(၂)လုံးတွဲ(၃)မိုင်း၊ပဒေသာမိုင်းအကြီး(၁)လုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။

စကစယာဥ်တန်းရဲ့(၄)စီးမြောက်၊(၁၂)စီးမြောက်နဲ့(၁၃)စီးမြောက်တို့ကိုထိမှန်သွားပြီး (၁၃)စီးမြောက်ဟာ စကစတပ်သားအပြည့်ပါလာတာကြောင့် မိုင်းထိကာ(၁၅)ဦးသေပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရသွားတယ်လ်ို့ ဆိုပါတယ်။
ချောင်းဦးမြို့အ၀င်မှာ နောက်တစ်ကြိမ် ရှေ့ထွက်မိုင်း(၁)လုံး၊ပဒေသာမိုင်း(၂)လုံးတွဲ(၁)မိုင်းနဲ့ထပ်ပြီးတိုက်ခိုက်ခဲ့လို့ ကား(၂)စီးမိုင်းထိပြီး အများအပြားထပ်သေခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကို CHUPDF တပ်ခွဲ-၁နဲ့ People’s Defense Force- South Monywa ကရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စကစဘက်က စုစုပေါင်း(၁၅)ဦးထက်ပိုပြီးသေနိုင်တယ် လို့သိရပါတယ်။
#thenationvoicemyanmar #ချောင်းဦး #စစ်ကိုင်း