အင်္ဂါနေ့ ဇွန် ၂၁ ရက်မှာ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲဝင်လာတဲ့ တရုတ်လေယာဉ်(၂၉) စင်းကို သတိပေးမောင်းထုတ်ဖို့ ကျွန်းတောင်ပိုင်းကနေ ပစိဖိတ်သမုဒ္ဒရာထဲပျံသန်းသွားတဲ့ဗုံးကြဲလေယာဉ်တွေအပါအဝင် ဂျက်လေယာဉ်တွေကို ထိုင်ဝမ်က အသုံးပြုခဲ့ပါတယ်။
တရုတ်ပြည်မကြီးကနေကွဲကွာနေတဲ့ပြည်နယ်လို့ တရုတ်အစိုးရဘက်ကပြောထားပြီး ဒီမိုကရေစီနည်းအရ ကိုယ်ပိုင်အုပ်ချုပ်တဲ့ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ပရာတက်စ်ကျွန်းစုတွေနဲ့နီးတဲ့ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးခွဲခြားရေးဇုန်(ADIZ)အနောက်တောင်ပိုင်းကို တရုတ်လေတပ်ရဲ့မကြာခဏစစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ထိုင်ဝမ်က ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆက်တိုက်ဆန့်ကျင်ခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ထပ်ကာထပ်ကာစစ်ရေးလှုပ်ရှားမှုတွေဟာ ထိုင်ဝမ်တပ်ဖွဲ့တွေကို ထပ်ကာထပ်ကာအသည်းအသန်လှုပ်ရှားအောင်လုပ်ပြီး ပျက်စီးအောင်လုပ်တာနဲ့ ထိုင်ဝမ်ရဲ့တုံ့ပြန်မှုတွေကို စမ်းသပ်ဖို့ ရည်ရွယ်တယ်လို့ ထိုင်ဝမ်ဘက်က စွပ်စွဲပါတယ်။
နောက်ဆုံးတရုတ်စစ်ရေးလှုပ်ရှားမှုမှာ ဂျက်တိုက်လေယာဉ် (၁၇)စင်းနဲ့ H-6 ဗုံးကြဲလေယာဉ် ၆ စင်းသာမက အီလက်ထရောနစ်စစ်ရေးလှုပ်ရှားမှုတွေ၊ ကြိုတင်သတိပေးမှုတွေ၊ ရေငုပ်သင်္ဘောဖျက်နဲ့ လေထဲမှာဆီပြန်ဖြည့်နိုင်တဲ့လေယာဉ်တွေပါတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
မေ ၃၀ ရက်က ADIZ မှာ တရုတ်လေယာဉ်ပျံအစင်း ၃၀ ရှိတယ်လို့ ထိုင်ဝမ်က ပြောပြီးနောက်ပိုင်း အခုဖြစ်စဉ်ဟာ အကြီးဆုံးနယ်ကျွံမှုဖြစ်ပါတယ်။ အခုနှစ်အထိ အကြီးဆုံးဖြစ်စဉ်ဟာ ဇန်နဝါရီ ၂၃ ရက်က တရုတ်လေယာဉ် ၃၉ စင်းပါဝင်တဲ့ဖြစ်စဉ်ပါ။
အရင်တုန်းက အဲဒီဖြစ်စဉ်တွေဟာ တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေလို့ တရုတ်ဘက်ကပြောထားပေမဲ့ အခုဖြစ်စဉ်အတွက် မှတ်ချက်ပြုထားတာတော့မရှိသေးပါဘူး။
Source – Reuters
#thenationvoicemyanmar
#internationalnews #နိုင်ငံတကာသတင်း #ထိုင်ဝမ် #တရုတ်