နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့နေလယ် (၂) နာရီလောက်မှာ နေပြည်တော် အချုပ်ထောင်ထဲကို ပြောင်းရွှေ့လိုက်ပြီဖြစ်တယ်လို့ NLD အမတ်တစ်ဦးကပြောပါတယ်။
အဲဒီနေပြည်တော်အချုပ်ထောင်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာဖြစ်ပြီး သာမာန်အကျည်းသားတွေထားတဲ့ ထောင်ပုံစံမျိုးမဟုတ်ဘဲ သီးခြားအိမ်တစ်လုံးဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မမှန်တဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး တရားရုံးတင်စစ်ဆေးနေတာဖြစ်ပြီးတော့ အကျဉ်းသားဝတ်စုံကိုလည်း ဝတ်ဆင်စေခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လာမယ့် ဇွန်လ (၂၃) ရက်နေ့ကစလို့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကို ပြောင်းရွှေ့စစ်ဆေးဖို့ စစ်ကောင်စီဘက်က စီစဉ်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။
မကြာခင်ရက်ပိုင်းကမှ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၇၇) နှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီး တစ်တိုင်းပြည်လုံးက သူ့ကို တန်ဖိုးထားပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူတို့ရဲ့အပေါင်းအပါတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ပြည်သူတွေကို စိတ်ဒုက္ခရောက်ဖို့ရည်ရွယ်ကာ အခုလိုတွေဖန်တီးနေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီရဲ့ မတရားရုံးတွေက ထောင်ဒဏ် (၁၁) နှစ် ချမှတ်ထားပြီး ကျန်ရှိနေတဲ့ အမှု (၁၃) မှုအတွက် ဆက်လက်တရား ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
#thenationvoicemyanmar
#ဒေါ်အောင်ဆန်းစုကြည်