ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် က အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒီကနေ့မနက်မှာ လက်နက်ကြီးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စုမဇွပ်ယာန်ရွာက အကျဉ်းထောင်စောင့်တဲ့စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့တို့ကို KIAက ဒီနေ့ ဇွန်လ(၂၂)ရက်နေ့၊မနက် ၄နာရီခွဲခန့်မှာတိုက်ခိုက်ခဲ့တာလို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်ကောင်စီတပ် ခလရ(၇၆)နဲ့အမှတ်(၂၈၊ ၃၀) ရဲတပ်ဖွဲ့ ပူးပေါင်းတပ်တို့ ဒီကနေ့မနက် အကျဉ်းထောင်စောင့်နေချိန်မှာ KIA က လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးထိခိုက်တာ၊စခန်းပျက်စီးတာရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
အဲဒီစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဟာ ဇွန်လ၂၀ရက်နဲ့ ၂၁ ရက်နေ့က ပြည်သူတွေနေတဲ့ကျေးရွာဘက်ကို လက်နက်ကြီးတွေရမ်းသန်းပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် KIA တပ်ဖွဲ့က အခုလိုလက်နက်ကြီးနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောကြားကြောင်း ဖော်ပြထားပါတယ်။
#thenationvoicemyanmar #KIA #ဖားကန့် #အကျဉ်းထောင်