မကွေး ဒေါင်းနေအကျဉ်းထောင်မှာ အကျဉ်းသားအချို့ နှိပ်စက်ခံနေရ

မကွေးမြို့ ဒေါင်းနေအကျဉ်းထောင်ထဲမှာ အကျဉ်းသားအချို့ကို အကြမ်းဖက်နှိပ်စက်မှုတွေ ပြုလုပ်ခံနေရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ (၁၉)ရက် လူထုခေါင်းဆောင်ရဲ့ မွေးနေ့မှာ အကျဉ်းသားတွေက မွေးနေ့အထိမ်းအမှတ်အဖြစ် သနပ်ခါးလိမ်းတာတွေ လုပ်ဆောင်ခဲ့ကြပြီး ပါဝင်သူတွေကို ခွေးလိုအော်ခိုင်းတာ၊ ဖားခုန် ခုန်ခိုင်းတာတွေအပြင် ထိုးကြိတ်ရိုက်နှက်​ ညှင်းပမ်းနှိပ်စက်တာတွေကိုပါ အကျဉ်းထောင်တာဝန်ရှိသူတွေက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 
နှိပ်စက်ခံရတဲ့ အကျဉ်းသားတွေရဲ့ နာမည်တွေကို မသိရှိရသေးပေမယ့် မကွေးအကျဉ်းထောင်မှာ အကျဉ်းသားဦးရေ တစ်ထောင်ဝန်းကျင် ဖမ်းဆီးထားပြီး ဖမ်းဆီးခံထားရသူတွေထဲက ထက်ဝက်ဖြစ်တဲ့ အကျဉ်းသား ၅၀၀ ဝန်းကျင်ဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ဆိုပါတယ်။

#thenationvoicemyanmar 
#မကွေး #ဒေါင်းနေထောင်