စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာ PDF တွေကို ဖမ်းမိရင်ထားဖို့ဆိုပြီး ဆောက်လုပ်နေတဲ့ အဆောက်အဦတွေကို သွားရောက်ဖြိုဖျက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က ဒီကနေ့ ဇွန်လ (၂၂) ရက်မှာ ထုတ်ပြန်ပါတယ်။
မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ခွဲတွေက တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး မုံရွာမြို့ သာစည်ရွာမှာ ဆောက်လုပ်နေတဲ့ အ ဆောက်အဦတွေကို သွားရောက်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ပထမဆုံးအကြိမ်မို့ သတိပေးတဲ့အနေနဲ့ ဖြိုဖျက်ခဲ့တာဖြစ်ပြီး ဆောက်လက်စအဆောက်အဦတွေထဲက (၄)ထပ်ဆောင်တစ်ဆောင်နဲ့ ဘက်ဟိုးတစ်စီးကို ဖျက်ဆီးခဲ့ပြီး အလုက်သမားတွေကိုတော့ ပြည်သူဆိုတဲ့သတ်မှတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
အလုပ်လုပ်ပေးနေတဲ့ပြည်သူတွေကို လွှတ်ပေးတာဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်တယ်လို့ သတိပေးထားပါတယ်။
ဖြိုဖျက်တိုက်ခိုက်ရာမှာ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ် မတော်(Chindwin Attack Force) အထူးကွန်မန်ဒိုအဖွဲ့ Monywa The Boys ၊ တပ်ရင်း – ၂ တပ်ခွဲ – ၂ Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့ ၊ တပ်ရင်း – ၄ တပ်ခွဲ – ၁ သပြေညိုပြောက်ကျားအဖွဲ့ ၊ တပ်ရင်း – ၄ တပ်ခွဲ ၃ ခွေးသတ်မုဆိုးအဖွဲ့တွေ ပါဝင်ပါတယ်။
#thenationvoicemyanmar
#မုံရွာ