ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောကို ဒီနေ့မနက် (၉) နာရီအချိန်မှာ မဟာမိတ်စုပေါင်းတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ PHONENIX အထူးပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်သားနဲ့ ရဲတွေပါလာတဲ့ အဲဒီသင်္ဘောကို ပူးပေါင်းအဖွဲ့က လက်နက်ငယ်တွေနဲ့(၁၅)မိနစ်ကြာ ခြုံခိုပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို PHOENIX အထူးပြောက်ကျားတပ်ဖွဲ့၊ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ သိန်းငှက်ပျောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ရဲဘော်ညီနောင် PDF၊ Wolf Brothers PDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
#thenationvoicemyanmar
#ရေစကြို #ဧရာဝတီမြစ် #စစ်ကောင်စီသင်္ဘော