မွန်ပြည်နယ်၊သထုံမြို့၊ကြာပန်း-၀ီယော်ခရိုင်ချင်းဆက်လမ်းမှာရှိတဲ့ (၄၀၂)အမြှောက်တပ်ရင်းကတပ်သားတစ်ဦး ဇွန်၂၀ရက်နေ့က လက်နက်နဲ့အတူအလင်း၀င်တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။
တပ်သားအဆင့်ရှိတဲ့ မောင်ထွန်းထွန်းဆိုသူဖြစ်ပြီးစကစရဲ့ပြည်သူအပေါ်ရက်စက်တာတွေကို မနှစ်မြို့တဲ့အတွက် MA-1သေနတ်(၁)လက်၊ကျည်ဘောက်(၂)ခု၊ကျည်(၁၂၀)၊လက်ပစ်ဗုံး(၁)လုံးနဲ့အတူသထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(သထုံပကဖ) ဆီအလင်း၀င်ခဲ့တာပါ။
သထုံပ.က.ဖ ကတစ်ဆင့် KNU တပ်မဟာ(၁) တပ်ရင်း(၂)တပ်ရင်းမှူးဆီကိုမနေ့ကနေ့လည်၁၂နာရီမှာလွှဲပြောင်းပေးခဲ့ပြီး တပ်သားမောင်ထွန်းထွန်းဟာ သထုံမြို့ရဲ့လက်နက်နဲ့အလင်း၀င်တဲ့ ပထမဆုံး စစ်သားဖြစ်တဲ့အတွက် ပြည်ပရောက်ပြည်သူတွေက ဆုငွေဘတ်(၅၀၀၀၀)ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
တပ်ရင်းမှူးကတစ်ဆင့်တပ်မဟာမှူးဆီက်ို တပ်သားမောင်ထွန်းထွန်းရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို စီစဥ်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
#thenationvoicemyanmar
#သထုံ #မွန်ပြည်နယ် #အမြှောက်တပ်