ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီခရိုင်ထဲက မင်းလှPDF နဲ့ ဇီးကုန်းPDF စခန်း(၂) ခုကို ဇွန်လ (၃)ရက်နေ့ကစွန့်လွှတ်လိုက်ရကြောင်း သာယာဝတီခရိုင် PDF က ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အင်အားသုံးထိုးစစ်ဆင်ခဲ့တာကြောင့် စခန်းတွေကို စွန့်လွှတ်ခဲ့ရပြီး မင်းလှ PDF က တပ်ခွဲမှုးရဲဘော်ရိုးမ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
PDF စခန်းတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာလည်း PDF တွေ ထောင်ထားတဲ့ ပဒေသာမိုင်းမိပြီး စစ်ကောင်စီတပ်သားတစ်ချို့ ထိခိုက်သေဆုံးမှုတွေရှိကြောင်းလည်း ပြောပါတယ်။
ဇွန်လ(၁)ရက်နေ့ကလည်း မင်းလှ-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းပေါ်က မြို့ချောင်းစစ်ဆေးရေးဂိတ်အနီးမှာ သာယာဝတီခရိုင် PDF ရဲဘော်(၂)ဦးနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပွားခဲ့တာကြောင့် ရဲဘော်(၁)ဦး ကျဆုံးခဲ့ပါသေးတယ်။
“ကျဆုံးသွားတဲ့ ရဲဘော်က အခြားရဲဘော်တစ်ဦးလွတ်ဖို့ သူက ခုခံပစ်ရင်း မလွတ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကို ပစ်ခတ်အဆုံးစီရင်သွားတာကြောင့် အခြားရဲဘော်တစ်ဦးကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ကျနော်တို့စခန်းတွေစခန်းတွေ စွန့်လွှတ်လိုက်ရတော့ ပစ္စည်းတွေလည်းထားခဲ့ရတယ်။ စားဝတ်နေရေးအခက်အခဲတွေရှိနေတယ်၊ သတင်းမထုတ်ပြန်လို့ ငြိမ်နေတယ် မထင်ပါနဲ့၊ ကျွန်တော်တို့ရဲဘော်တွေ အလုပ်တွေလုပ်နေကြပါတယ်၊ Zigon PDF Page နဲ့ Minhla PDF Page တို့ကို ဆက်သွယ်ထောက်ပံ့ပေးကြပါဦး၊ ပြည်သူ့အောင်ပွဲယူဖို့ ပြန်လာပါမယ် ” လို့ သာယာဝတီခရိုင် PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
#thenationvoicemyanmar
#သာယာဝတီခရိုင်