အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ ငလျင်လှုပ်လို့ အနည်းဆုံးလူ (၂၅၅)ဦးသေဆုံး

ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အာဖဂန်နစ္စတန်အရှေ့ပိုင်း ပါတီကာပြည်နယ်မှာ ငလျင်လှုပ်ခတ်ခဲ့လို့ လူအနည်းဆုံး (၂၅၅)သေဆုံးခဲ့တယ်လို့ အာဖဂန်အစိုးရသတင်းအေဂျင်စီကဖော်ပြပါတယ်။

ပါကစ္စတန်နယ်စပ်နဲ့နီးတဲ့ ခို့စ်မြို့နဲ့ (၄၄) ကီလိုမီတာလောက်အကွာ၊မြေအောက်အနက် (၅၁) ကီလိုမီတာမှာ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒစာရင်းအင်းဌာနက ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကို ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့က လူ (၁၁၉)သန်းခံစားခဲ့ရတယ်လို့ ဥရောပမြေထဲပင်လယ်မြေငလျင်စင်တာ(EMSC)က တွစ်တာမှာပြောပါတယ်။

အာဖဂန်မီဒီယာမှာဖော်ပြတဲ့သတင်းဓာတ်ပုံတွေမှာတော့ အိမ်တွေပြိုကျနေတာမြင်ရပါတယ်။

အာဖဂန်ကိုထိန်းချုပ်ထားတဲ့တာလီဘန်တွေရဲ့သဘာဝဘေးတုံ့ပြန်ရေးဆိုင်ရာဝန်ကြီး မိုဟာမက် နက်ဆင် ဟက်ကာနီက သေဆုံးသူအများစုဟာ ပါတီကာပြည်နယ်မှာဖြစ်ပြီး လူ(၁၀၀)သေဆုံးခဲ့ကာ (၂၅၀)ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ခို့စ်မြို့မှာ နောက်ထပ် (၂၅)ဦးနဲ့နန်ဂါဟာပြည်နယ်မှာ (၅)ဦးသေဆုံးခဲ့ပြီး သေဆုံးသူတွေထပ်ရှိသေးသလားဆိုတာစုံစမ်းစစ်ဆေးနေတယ်လို့လည်း ဟက်ကာနီကပြောပါတယ်။

ပါကစ္စတန်ဘက်ကတော့ သေဆုံးထိခိုက်သူအရေအတွက် ထုတ်ပြန်တာမရှိသေးပါဘူး။

Source – Agencies

#thenationvoicemyanmar

#internationalnews

#နိုင်ငံတကာသတင်း #အာဖဂန်နစ္စတန် #ပါကစ္စတန်