ကရင်နီပြည်နယ်အခြေစိုက် KNDF တပ်ရင်းအမှတ်(၉)ကကျဆုံးရဲဘော်ဂျွန်ဂျူးဒစ်ရဲ့စျာပနပွဲကိုပြုလုပ်ခဲ့တယ်လို့ KNDF-B-09 ကဒီနေ့ထုတ်ပြန်ပါတယ်။

ရဲဘော်ဂျွန်ဂျူးဒစ်ဟာ၂၀၂၁ ဇူလိုင်၂၅မှာ KNDF ကို၀င်ရောက်ခဲ့ပြီး ၂၀၂၂ ဇွန်လ၁၁ရက်နေ့က စကစနဲ့တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တာလို့ဆိုပါတယ်။
အဲ့ဒီဒဏ်ရာတွေနဲ့ပဲဆေးကုသမှုခံယူရင်း ဇွန်၁၉ရက်နေ့မှာကျဆုံးသွားခဲ့တာပါ။

ရဲဘော်ဂျွန်ဂျူးဒစ်ရဲ့စျာပနကိုရဲဘော်အများအပြားကလိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး၊ကျဆုံးမှုအပေါ်မိသားစုနဲ့ထပ်တူ၀မ်းနည်းကြောင်းနဲ့ဖက်ဒရယ်ဒီမိုကရေစီရတဲ့အထိတိုက်ပွဲ၀င်သွားမယ်လို့လည်း KNDF-B-09 ကဖော်ပြထားပါတယ်။

#thenationvoicemyanmar #KNDF #ကျဆုံးရဲဘော် #ကရင်နီ #ကယား