ကောလင်းမှာ ခွင့်နဲ့ပြန်လာတဲ့ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ခွင့်နဲ့ပြန်လာတဲ့ စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးတစ်ဦးကို ကာကွယ် ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဇွန်လ (၂၂) ရက်က ကောလင်းမြို့ ငပွေကြီးရပ်ကွက်မှာနေထိုင်တဲ့ တပ်ကြပ်ကြီးထွန်း လင်းဆိုသူကို မြို့နယ်(ပကဖ)အဖွဲ့တွေက နေအိမ်ထဲဝင်ဖမ်းရာမှာ လက်ပစ်ဗုံးတစ်လုံးနဲ့ပြန်ခုခံတာကြောင့် သေနတ်နဲ့ (၅)ချက် ပစ်ခံရတာဖြစ်တာလို့ သိရပါတယ်။

တပ်ကြပ်ကြီးထွန်းလင်းဟာ မြို့နယ် (ပကဖ)တွေက အေးအေးဆေးဆေးခေါ်တာကို လက်မခံဘဲ ပြန်ခုခံဖို့လုပ်တဲ့အတွက် ခုလိုအရှင်းခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှင်းလင်းခံရတဲ့ တပ်ကြပ်ကြီးရဲ့နေအိမ်ကနေ
 ဓားရှည် (၁) ချောင်း၊ ဓားမြှောင် (၂) ချောင်း၊ လက်လုပ်ပစ္စတို(အပျက်) (၁) လက် ၊ ၅.၅၆ ကျည် (၁၇) တောင့်၊ လက်ပစ်ဗုံး (၁) လုံး စတဲ့ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား တပ်ကြပ်ကြီးထွန်းလင်းဟာ ဝန်းသိုအခြေစိုက် ခမရ (၁၁၁)တပ်ကဖြစ်ပြီး နေအိမ်ကိုခွင့်နဲ့ပြန်လာချိန် ပစ်ခတ်ရှင်း လင်းခံရတာဖြစ်ပြီး သူနဲ့အတူရှိနေတဲ့ မိခင်နဲ့ သားဖြစ်သူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရန်ပြုခဲ့တာမရှိဘဲ လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#thenationvoicemyanmar
#ကောလင်း