စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့လုပ်ရပ်တွေ ရှုတ်ချတယ်လို့ ပ.က.ဖ- မတ္တရာထုတ်ပြန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လမိုင်းအုပ်စု ကျောက်တံတားကျေးရွာရှိ အ.ထ.က-ကျောက်တံတားစာသင်ကျောင်းမှာ ပေါက်ကွဲခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြင်းထန်စွာရှုတ်ချတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာက ဒီနေ့ထုတ်ပြန်ပါတယ်။

ကျောက်တံတားကျေးရွာ အ.ထ.က ကျောင်းအရှေ့ဘက်ဝင်ပေါက်အနီးမှာ ဒီနေ့ မနက် (၉) နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ စစ်ကောင်စီတက်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပ.က.ဖ-မတ္တရာမြို့နယ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ တရားဝင်ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခုဖြစ်ပြီး ပြည်သူ့ခုခံတွန်းလှန်စစ်ကို စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းတွေနဲ့အညီ ဆင်နွှဲနေပြီး စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းပါ သတ်မှတ်ချက်တွေအတိုင်း စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားတွေကိုသာ အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် အခုလို စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချသွားမှာဖြစ်တယ်လို့‌ ပြောပါတယ်။ 

#thenationvoicemyanmar 
#မတ္တရာ #စာသင်ကျောင်း #ပေါက်ကွဲမှု