လောင်စာဆီဈေးတွေတက်လာတာကြောင့် အမေရိကန်နိုင်ငံတဝှမ်းမှာ လောင်စာဆီအခွန် ၃ လစာသက်သာခွင့်ပေးဖို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်မှာ ဓာတ်ဆီ ၁ ဂါလံကို ၃ ဒေါ်လာအကြမ်းဖျင်းကျသင့်ရာကနေ လက်ရှိမှာ ၁ ဂါလံကို ၅ ဒေါ်လာနီးပါးကျသင့်နေတာပါ။
ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲတွေ လာမယ့်နိုဝင်ဘာမှာကျင်းပဖို့ရှိနေလို့ တုံ့ပြန်ဖို့ ဘိုင်ဒန်အတွက် ဖိအားတွေရှိနေတာပါ။
အခွန်သက်သာခွင့်ပေးရင် အိမ်သုံးဓာတ်ဆီနဲ့ဒီဇယ်အတွက် ကုန်ကျစရိတ်တွေကို အကန့်အသတ်နဲ့အကျိုးသက်ရောက်မှုရှိမယ်လို့ အကဲခတ်တွေကပြောပါတယ်။
ကွန်ဂရက်လွှတ်တော်ရဲ့လုပ်ရပ်လိုအပ်တဲ့ အခွန်သက်သာခွင့်ပေးမှုအပေါ် နိုင်ငံရေးအရထောက်ခံချက်ရဖို့လည်း မရေမရာဖြစ်နေတာပါ။
ဘိုင်ဒန်ရဲ့တိုက်တွန်းချက်ဟာ ထွင်လုံးသက်သက်လို့ ရီပတ်ဘလစ်ကန်ပါတီထိပ်တန်းအထက်လွှတ်တော်အမတ်တစ်ယောက်က ဗုဒ္ဓဟူးနေ့မှာပြောပြီး ဘိုင်ဒန်ရဲ့ဒီမိုကရက်ပါတီဝင်တွေကလည်း ဒီလုပ်ရပ်ကြောင့် ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်းကြီးတွေကိုပဲ အကျိုးဖြစ်ထွန်းစေမယ်လို့ စိုးရိမ်ကြောင်းပြောပါတယ်။
လက်ရှိမှာ အမေရိကန်ရဲ့လောင်စာဆီအခွန်ဟာ ဓာတ်ဆီ ၁ ဂါလံအတွက် ၁၈ ဆင့်နဲ့ ဒီဇယ် ၁ ဂါလံအတွက် ၂၄ ဆင့်ကျသင့်ပြီး အခွန်ကောက်ခံရရှိငွေတွေကို အဝေးပြေးလမ်းမကြီးတွေအတွက် ပြန်လည်အသုံးပြုနေတာပါ။
စက်တင်ဘာအထိ အကောက်ခွန်ကင်းလွတ်ခွင့်ပြုမယ်ဆိုရင် အမေရိကန်အစိုးရအတွက် အခွန်ကောက်ခံရရှိငွေ ဒေါ်လာသန်း (၁၀၀၀၀) လောက်နစ်နာမှာဖြစ်ပါတယ်။
Source – BBC
Photo – Reuters
#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #အမေရိကန် #လောင်စာဆီ