တောထဲမှာကြောက်လန့်နေတဲ့မြန်မာနိုင်ငံသားတရားမဝင် ဝင်ရောက်လာသူ (၁၆)ဦးကို ထိုင်းစစ်တပ်ကယ်ဆယ်

မလေးရှားနိုင်ငံကိုသွားဖို့ ထိုင်းနိုင်ငံကိုတရားမဝင်,ဝင်ရောက်လာခဲ့ပြီး ရနောင်းက ခိုနွီမှာသောင်တင်နေတဲ့ မြန်မာနိုင်ငံသားတရားမဝင်,ဝင်ရောက်လာသူ (၁၆)ဦးကို ဗုဒ္ဓဟူးနေ့မှာ ထိုင်းစစ်တပ်က ကယ်ဆယ်ခဲ့ပါတယ်။

ဆွတ်ဆမ်ရန်မြို့ကတောစပ်မှာ ဆာလောင်နေတဲ့အခြေအနေနဲ့ အမျိုးသမီး(၇)ဦးပါတဲ့တရားမဝင်ရွှေ့ပြောင်းအခြေချသူ (၁၆)ဦးကို လမ်ဆွန်အမျိုးသားပန်းခြံအရာရှိတွေက တွေ့ခဲ့တယ်လို့ ခြေလျင်တပ်ရင်း (၂၅)၊ အထူးတပ်ဖွဲ့တပ်မှူး ဗိုလ်မှူးကြီး ဖုံမီပတ် ဘွန်ရောင်ခေါင်ကပြောပါတယ်။

အရာရှိတွေက အကူအညီတွေပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးခဲ့တယ်လို့လည်း အသိပေးပါတယ်။ ခရိုင်ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ အမျိုးသားဥယျာဉ်အရာရှိတွေက ဒီဖြစ်စဉ်အပေါ် ပူးပေါင်းစုံစမ်းစစ်ဆေးနေပါတယ်။


သူတို့အလုပ်ရှာဖို့စီစဉ်ထားတဲ့မလေးရှားနိုင်ငံကိုသွားရာမှာ ကြားလမ်းအနေနဲ့ ထိုင်းနိုင်ငံကို ဘေးကင်းကင်းဖြတ်သွားနိုင်ဖို့ ရွှေ့ပြောင်းအခြေချသူတစ်ယောက်စီက ထိုင်းပွဲစားတွေကို တယောက်ဘတ်(၃၀၀၀၀) ပေးခဲ့တယ်လို့ ကနဦးစုံစမ်းမှုအရသိရပါတယ်။

သူတို့က ကော့သောင်းကနေ လှေတွေနဲ့ ထိုင်းကိုဝင်လာခဲ့ပြီး ပွဲစားတွေက မလေးရှားမသွားခင် ခိုနွီမှာ (၃)ရက်ခိုအောင်းနေဖို့ပြောခဲ့ပေမဲ့ အစောပိုင်းမှာ ထိုင်းရဲတွေက ပွဲစားတွေနဲ့ ငါးဖမ်းလှေမှာအလုပ်လုပ်နေတဲ့နောက်ထပ်ရွှေ့ပြောင်းလုပ်သားအယောက်(၃၀)ကိုဖမ်းဆီးပြီးလို့ သူတို့တွေကျန်နေတာပါ။

ရွှေ့ပြောင်းအခြေချသူတွေကို ထိုင်းနိုင်ငံထဲခွင့်ပြုချက်မရဘဲဝင်ရောက်လာမှုနဲ့ ကူးစက်ရောဂါဥပဒေချိုးဖောက်မှုတို့နဲ့ စွဲချက်တင်ထားတယ်လို့ ရဲဘက်က အသိပေးပါတယ်။

Source – Bangkok Post

#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #ထိုင်းနိုင်ငံ #ရွှေ့ပြောင်းလုပ်သား