တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရောင်းမော်ရွာမှာ ပျူစောထီးလို့ နာမည်ကြီးတဲ့သူကို ဒီနေ့ မနက် (၈) နာရီခွဲဝန်းကျင်မှာ အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အပစ်ခံရသူ ဦးတင်စိန်ဟာ အသက်(၅၀)အရွယ်ရှိပြီး ရောင်းမော်အုပ်စု၊ သဲတောရွာ ဘုန်းကြီးကျောင်းအနီးက သူ့ရာဘာခြံထဲမှာ အပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တစ်ခြမ်းဒဏ်ရာပြင်းထန်ရထားပြီး အသက်အန္တရယ်စိုးရိမ်ရတဲ့အတွက် ထားဝယ်တပ်နယ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
#thenationvoicemyanmar
#ထားဝယ် #ပျူစောထီး