ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းတွေကို KNDF ပူးပေါင်းအဖွဲ့က ရှင်းလင်း

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ လမ်းတလျှောက် စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းတွေကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၅နဲ့ ပူးပေါင်းအဖွဲ့တွေက ရှင်းလင်းနိုင်ခဲ့တယ်လို့ ဇွန်လ (၂၂) ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်နီတပ်မတော်(KA)နဲ့ KNDFပူးပေါင်းအဖွဲ့တို့ဟာ ဇွန်(၂၁)ရက်တုန်းက ကျေးရွာအတွင်း နေအိမ်‌တွေ၊ ရေတွင်းနဲ့ ကျေးရွာလမ်းတွေမှာ စစ်ကောင်စီထောင်ထားတဲ့ လက်လုပ်မိုင်းမိုင်းအမျိုးအစား (၁၈) လုံးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ (၁၅) ရက်ကလည်း ဖရူမြို့နယ်၊ ဒေါညေးခူကျေးရွာမှာရှိတဲ့ ကက်သလစ်ဘုရားကျောင်းရှေ့မှာ စစ်‌ကောင်စီထောင်ထားခဲ့တဲ့မိုင်း‌ကြောင့် ကရင်နီရဲဘော်တစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မြေမြှပ်မိုင်း၊ တိုက်မိုင်းများစွာ ရှိတဲ့အတွက်‌ကြောင့် မကြာခဏမိုင်းမိပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတဲ့အတွက် ကရင်နီဒေသခံတွေအနေနဲ့ နေရပ်ကို မပြန်သေးကြဖို့ ကရင်နီတပ်ပေါင်းစုတွေက တိုက်တွန်းထားပါတယ်။

#thenationvoicemyanmar
#ဒီးမော့ဆို