အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ကာကွယ်ရေးဝန်ကြီးတွေက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုပိုအားကောင်းစေဖို့ ကတိကဝတ်တွေကို ထပ်မံအတည်ပြုခဲ့တယ်လို့ စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမြို့တော်ဖနွမ်းပင်မှာ ဇွန် ၂၁ ရက်နဲ့ ၂၂ရက်(၂)ရက်ကြာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးဟာ ပြီးခဲ့တဲ့(၂)နှစ်အတွင်း ပထမဆုံးလူကိုယ်တိုင်တက်ရောက်ရတဲ့ အစည်းအဝေးဖြစ်ပါတယ်။
အာဆီယံကာကွယ်ရေးဝန်ကြီးတွေက တရုတ်၊ ဂျပန်နိုင်ငံတို့နဲ့လည်း အလွတ်သဘောအစည်းအဝေးတွေပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးမှုတွေဟာ အကျိုးရှိပြီး ဆိုက်ဘာနဲ့သတင်းအချက်အလက်ဒိုမိန်းတွေအပေါ်ခြိမ်းခြောက်မှုတွေအပါအဝင် လက်ရှိလုံခြုံရေးကိစ္စရပ်တွေကို ခြုံငုံမိခဲ့တယ်လို့ စင်ကာပူကာကွယ်ရေးဝန်ကြီး နန်အင်းဟန်က အစည်းအဝေးအပြီးမှာပြောပါတယ်။
တောင်တရုတ်ပင်လယ်မှာ ကျင့်ဝတ်လိုက်နာရေးတိုက်တွန်းတဲ့ပူးပေါင်းထုတ်ပြန်ချက်ကိုလည်း အစည်းအဝေးကနေထုတ်ပြန်နိုင်ခဲ့တယ်လို့ နန်ကပြောပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေရောက်အောင် ငြိမ်းချမ်းစွာပြောင်းလဲဖို့ အာဆီယံရဲ့ကြိုးစားမှုတွေကိုလည်း သူက အလေးပေးပြောပါတယ်။
Source – CNA
#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #အာဆီယံ #ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး