ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်တွင်း သီးခြားအဆောင်မှာထားရှိတာ မှန်ကန်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး အမျိုးသမီး ထောင်၀န်ထမ်း သုံးဦး ထားပေးကာ တိုက်ချီဒိုကို ထောင်တွင်းမခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းလိုက်တဲ့ ထောင်မှာ သူနဲ့အတူ နေအိမ်အကျယ်ချုပ်မှာ နေထိုင်သူတွေ အတူလိုက်ပါခွင့်မရဘဲ ဒေါ်အောင်ဆန်းစုကြည် မွေးမြူထားတဲ့ တိုက်ချီဒိုကိုတော့ ထောင်ထဲကိုမခေါ်ချင်တဲ့အတွက် အပြင်မှာပဲထားဖို့ဆုံးဖြတ်ခဲ့တယ်လို့လည်း တရားရုံးနဲ့နီးစပ်တဲ့သူတွေထံက သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အပတ်စဥ် ရုံးထုတ်စစ်ဆေးနေတဲ့အမှုတွေအားလုံးကိုလည်း နေပြည်တော်စည်ပင်၀င်းထဲက ခြံနံပါတ် (၁) အထူးတရားခွင်အစား နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးကို ဇွန်လ (၂၃) ရက်ကစလို့ ရွှေ့ပြောင်းစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။
ဇွန်လ (၂၄) ရက်မှာတော့ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၀န်ကြီးဟောင်း ဦးမင်းသူတို့နဲ့အတူ စွဲချက်တင်ခံထားရတဲ့ ရွေးကောက်ပွဲအမှုကို ကြားနာဖို့ရှိပြီး နေအိမ်အကျယ်ချုပ်မှာရှိနေတဲ့ သမ္မတ ဦး၀င်းမြင့်ကိုလည်း ထောင်ကို ရွှေ့မရွှေ့ဆိုတာတော့ မသိရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင် န၀တ၊ နအဖ စစ်အစိုးရလက်ထက်တွေတုန်းတည်းက နေအိမ်အကျယ်ချုပ်ပဲ ကျခံခဲ့ရာတာဖြစ်ပြီး အခုလို ပြစ်ဒဏ်ချမှတ်ခံရတဲ့အတွက် ဥပဒေအရဆိုပြီး ထောင်ကို ပြောင်းရွှေ့နေထိုင်စေတာမျိုး မရှိခဲ့ဖူးပါဘူး။
#thenationvoicemyanmar
#ဒေါ်အောင်ဆန်းစုကြည် #တိုက်ချီဒို