ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံခြားအထောက်အပံ့တွေကျဆင်းလာတာကြောင့် နိုင်ငံခြားငွေရှားပါးပြတ်လပ်မှုကြုံနေရတဲ့မြန်မာနိုင်ငံဟာ ကားတွေနဲ့ မရှိမဖြစ်မဟုတ်တဲ့ကုန်စည်တွေတင်သွင်းတာကို ပိတ်ပင်ဖို့ ခြေလှမ်းပြင်လာပါတယ်။
ပြီးခဲ့တဲ့လက ဗီယက်နမ်နိုင်ငံမှာပြုလုပ်တဲ့ အာဆီယံအားကစားပြိုင်ပွဲတွေမှာဝင်ပြိုင်ခဲ့တဲ့ မြန်မာအားကစားသမားတွေဟာ ရွှေတံဆိပ်ဆုရရင် ကားတင်သွင်းခွင့်ပေးမယ်ဆိုတဲ့ ပြီးခဲ့တဲ့တပတ်က ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထူးခြားတဲ့ထုတ်ပြန်ချက်ကြောင့် အံ့အားသင့်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊အောက်တိုဘာမှာ ကားတင်သွင်းခွင့်ပိတ်ခဲ့ပြီးနောက် ခွင့်ပြုမိန့်ဟာ အရေးပါလာပြီး အရင်စစ်အာဏာရှင်တွေတုန်းကလည်း စစ်တပ်နဲ့ဆက်စပ်နေသူတွေကို ဆုချီးမြှင့်ဖို့ အသုံးပြုခဲ့တာပါ။
လက်ရှိစစ်အာဏာရှင်တွေကလည်း စာအုပ်ဟောင်းက စာမျက်နှာတစ်ရွက်ကို ပြန်ယူအသုံးချပုံရနေပါတယ်။
ကားတွေလိုမျိုး ဇိမ်ခံပစ္စည်းတွေတင်သွင်းခွင့်ပိတ်တာယာယီပဲလို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပေမဲ့ ဒီလုပ်ရပ်ကြောင့် ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်လာပါတယ်။
ပြည်တွင်းလိုလားချက်ကိုမှီခိုပြီး မြန်မာဈေးကွက်ဝင်လာတဲ့နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ မရေရာတဲ့အလားအလားတွေ ရင်ဆိုင်နေရပါပြီ။
“တင်ပို့ခွင့်ပြန်ပြုတော့မယ်လို့ အရာရှိတွေက ပြင်ဆင်နေတယ်ကြားတာပဲ။ ဒါပေမဲ့ မကြာခင်ဖြစ်လာတော့မယ်လို့ ပြနေတာဘာမှမတွေ့ပါဘူး”လို့ ဂျပန်ကားသစ်တွေတင်သွင်းနေတဲ့သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ကုန်သွယ်ရေးမျှခြေရောက်ဖို့ အာဏာသိမ်းစစ်တပ်ရဲ့ကြိုးစားမှုတွေမှာ ကားတွေကပဲ တစ်ခုတည်းသောထိခိုက်နစ်နာမှုတွေမဟုတ်ပါဘူး။
ပို့ကုန်မြှင့်တင်ဖို့ မလွယ်လို့ ကုန်သွယ်ရေးလိုအပ်ချက်ပြမှုတွေလျှော့ချနိုင်အောင် သွင်းကုန်တွေကို အာဏာသိမ်းစစ်တပ်က ဖိနှိပ်မှုတွေလုပ်နေပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ အရပ်သားအစိုးရကို စစ်တပ်က အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ ကုန်စည်(၃၉၃၁)မျိုးအတွက် သွင်းကုန်လိုင်စင်လိုအပ်ပေမဲ့ အခုနှစ်၊မေမှာ (၉၀၉၉)မျိုးအထိလိုင်စင်လိုအပ်လာပပါတယ်။
သွင်းကုန်လိုင်စင်လိုအပ်တဲ့ ကုန်စည်တွေကလည်း စားသုံးသူတွေအသုံးပြုရတဲ့အီလက်ထရောနစ်ပစ္စည်းတွေကနေ အဝတ်အထည်တွေအထိပါဝင်လာပါတယ်။
အခြေအနေတိုးတက်လာပုံမရဘဲ မတ်လအထိ ၃ လဖြတ် ၂ ကြိမ်မှာ မြန်မာနိုင်ငံရဲ့ပို့ကုန်ဟာ ဒေါ်လာသန်း (၈၁၀၀) ရှိပြီး သွင်းကုန်တန်ဖိုး သန်း (၇၉၀၀) ရှိနေပါတယ်။
ဒါပေမဲ့ ကုန်သွယ်ရေးပိုငွေပြနေတာဟာ နိုင်ငံခြားနဲ့ပြည်တွင်းလုပ်ငန်းတွေရဲ့အဓိကကုန်စည်တွေဝယ်ယူမှုလျော့ကျလို့ဖြစ်ပြီး စားသုံးသူကုန်စည်တွေတင်သွင်းမှုကတော့ ၂၀၂၁ ခုနှစ်ကထက် ၈ ရာခိုင်နှုန်းမြင့်တက်လာတာပါ။
လောင်စာဆီဈေးနှုန်းတွေတက်လာတာလို အချက်တွေကြောင့် ဧပြီကစပြီး မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးလိုငွေပြနေတာပါ။
ဧပြီလကစလို့ ကုန်သွယ်မှုကို စစ်တပ်ဘက်က ပိုတင်းကြပ်လိုက်ပြီး နိုင်ငံခြားငွေလဲလှယ်မှုကြီးကြပ်ရေးကော်မတီက မရှိမဖြစ်လိုတဲ့ကုန်စည်တွေတင်သွင်းဖို့ နိုင်ငံခြားငွေကို ခွဲဝေသတ်မှတ်ပေးနေပါတယ်။
ဒါကြောင့် သွင်းကုန်လိုင်စင်ရဖို့ ကြိုးနီစနစ်တွေပိုများလာအောင် မိတ်ဆက်ပေးတာဖြစ်ပြီး အရင်ကတစ်ပတ်ပဲကြာတဲ့လုပ်ငန်းစဉ်တွေက အခုတစ်လကျော်ကြာလာပါတယ်။
စက်မှုကုန်ကြမ်းတွေအတွက် ငွေပေးချေဖို့ နိုင်ငံခြားငွေလိုအပ်ပြီး မြန်မာကျပ်ငွေအတွက် ၁၀ ရာခိုင်နှုန်းလောက်မငြိမ်တဲ့ဈေးနဲ့ တရားဝင်ငွေလဲနှုန်းကို သတ်မှတ်ထားလို့ ဈေးကွက်ထဲမှာရနိုင်တဲ့နိုင်ငံခြားငွေပမာဏကို ကန့်သတ်ထားပါတယ်။
Source – Nikkei Asia
#thenationvoicemyanmar
#သွင်းကုန် #နိုင်ငံခြားငွေ