ပဲခူးရိုးမတောင်ခြေနဲ့ ရုပ်ဆိုင်ရွာတို့မှာ စစ်ကောင်စီနဲ့ ပြည်ခရိုင် PDF တပ်ရင်းတို့ဟာ ဇွန်လ (၁၇) ရက် နေ့လယ်ပိုင်းနဲ့ ညပိုင်းတို့မှာ တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်တပ်က စုစုပေါင်း (၂၈ )ဦးသေဆုံးခဲ့တယ်လို့ အမျိူးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက (၁၉)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ (၁၇) ရက် နေ့လယ်ပိုင်းက ပဲခူးရိုးမ တောင်ခြေမှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်း(၃၆၀၁) တပ်ခွဲ(၁)နဲ့ တပ်ခွဲ(၂)၊ တပ်ရင်း(၃၆၀၂) တပ်ခွဲ(၂)နဲ့ တပ်ခွဲ(၄) တို့ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၈) ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဇွန်လ (၁၇) ရက်၊ ည (၉)နာရီအချိန်ခန့်ကလည်း ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား (၁၀) ဦးခန့် သေဆုံးပြီး PDFရဲဘော်တွေ ဘေးကင်းစွာ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲသတင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ (၁၈) ရက်နဲ့ ဇွန်လ (၁၉) ရက်နေ့မှာ ထုတ်ဝေတဲ့ နေ့စဉ်စစ်ရေးသတင်း အကျဉ်းချုပ်ရဲ့ ပဲခူးတိုင်းနေရာမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အလယ်ရွာနဲ့ ရုပ်ဆိုင်ရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ(၄) ဗိုလ်ဆူးထက် ဦးဆောင်တဲ့ အဖွဲ့တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၁) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
#thenationvoicemyanmar
#ပဲခူးရိုးမ #ပြည် #ပေါင်းတည်