တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာကစစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ တမူး PDF တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။
ယမန်နှစ်က ပန်းသာကျေးရွာမှ ပျုစောထီးများပစ်ခတ်မှုကြောင့် ကျဆုံးသွားသော ရဲဘော် စွန်ရဲ (တော်လှန်ရေးအမည်) အား ဂုဏ်ပြုခြင်းနဲ့ ယမန်နေ့ဇွန်လ ၂၂ရက်က ပွင့်ဖြူမြို့နယ်မှာ ကျဆုံးသွားတဲ့ ညီနောင်ရဲဘော်များအတွက် လက်စားချေလို၍ ဤစစ်ဆင်ရေးကို စွန်ရဲစစ်ဆင်ရေးဟု အမည်ပေးပြီး ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်သည်လို့ဖော်ပြထားပါတယ်။
ဒီကနေ့ ဇွန်လ၂၂ရက် မနက် ၁၀နာရီ ၃၀မိနစ်က စတင်ပြီး ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ဝင်တွေကို PDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပျူစောထီး ၂၅ဦး သေဆုံးကာ အများအပြားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ကားနှစ်စီးနဲ့စစ်ကူတက်လာသလို ပန်းသာရွာမှာရှိတဲ့ပျူစောထီးအဖွဲ့ဝင်တွေကလည်း ရွာအတွင်းက ကတုတ်ကျင်းတွေ ဘန်ကာတွေမှာခြေကုတ်ယူကာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။
သေဆုံးထိခိုက်များပြားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ မန်မော်ကျေးရွာဘက်ကို ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ရဲဘော်(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
#thenationvoicemyanmar
#တမူး #စစ်ကိုင်း