ဘီးလတ်အမတ် ဦးကျော်မျိုးမင်းအပါအဝင် လေးဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီး၊ ရွာသားတစ်ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင် (၄)ဦးကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန်လ (၂၂) ရက်နေ့ မနက်ပိုင်းက လယ်ကတဲကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ဖမ်းဆီးရာ ရွာသားတစ်ဦး သေဆုံးခဲ့ပြီး NLD အမတ် ဦးကျော်မျိုးမင်း၊ NLD ရပ်ကျေးပါတီဝင် ဦးပန်းမြင့်(တောင်စွန်း)နဲ့ ဦးကိုကိုမောင်(တောင်စွန်း)တို့ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

သူတို့ကို ဘီးလင်းမြို့နယ် ဒါဇံကြီး ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့လည်း ဒေသခံအချို့ဆီက သိရပါတယ်။

ဦးကျော်မျိုးမင်းဟာ ဘီးလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဌ လည်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ၅၀၅(ခ)နဲ့ အမှုဖွင်ခံထားရတဲ့သူလည်း ဖြစ်ပါတယ်။

#thenationvoicemyanmar
#ဘီးလင်း #လွှတ်တော်အမတ်

#ဦးကျော်မျိုးမင်း #ဖမ်းဆီးခံရ