စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မနေ့က PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတဲ့ ရေဦးမြို့နယ် ရဲ တပ်ဖွဲ့ဝင် (၁၁) ဦးကို ဒီနေ့မှာ သဂြိုလ်ပြီးစီးသွားပြီလို့ ရေဦးဒေသခံတွေဆီက သိရပါတယ်။
အဲဒီသေဆုံးခဲ့တဲ့ရဲတွေဟာ ရေဦးရဲစခန်းက ရဲတွေဖြစ်ပြီးတော့ စခန်းတစ်ခုလုံးကို ရှင်းထုတ်လိုက်သလိုပဲလို့ ရေဦးဒေသခံတွေက ပြောဆိုနေကြပြီး ဒီနေ့မှာတော့ ရေဦးရဲစခန်းမှာ ယခင်ကထက် စစ်သားတွေ ပိုမို ချထားတယ်လို့လည်း သိရပါတယ်။
“ သူတို့ဟာသူတို့ပဲ သဂြိုလ်လိုက်တာ။ သေတဲ့သူတွေရဲ့ မိသားစုဝင်လောက်ပဲ ရှိတာ။ တစ်မြို့လုံး သူတို့ကို သနားတဲ့သူ တစ်ယောက်မှ မရှိဘူး ” လို့ ရေဦးမြို့ခံတစ်ဦးက ပြောပါတယ်။
မနေ့က ရဲ (၁၁) ဦးသေဆုံးအောင် တိုက်ခိုက်ပြီ လက်နက် (၁၁) လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံ PDF တွေက တရားဝင် သတင်းထုတ် ပြန်ထားပြီးတဲ့နောက် ရေဦးမြို့ထဲမှာ စစ်တပ်နဲ့ ပျူစောထီးတွေ ခြေရှုပ်နေတယ်လို့လည်း သိရပါတယ်။
#thenationvoicemyanmar
#ရေဦး #စစ်ကောင်စီရဲ