မန္တလေး-ဗန်းမော်လမ်းမှာ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က ထွက်ပြေးလာတဲ့ စစ်သား (၃)ဦးနဲ့ ဒုရဲအုပ်တစ်ဦးကို ဖမ်းမိခဲ့

န္တလေး – ဗန်းမော်လမ်းတစ်နေရာမှာ စစ်ကောင်စီတပ်က ထွက်ပြေးလာတဲ့ တပ်သားတစ်ဦးကို ဇွန်လ ၂၀ရက်မှာ ဖမ်းမိခဲ့ကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ Eagles Army-HPDFက မနေ့ညက ထုတ်ပြန်ထားပါတယ်။

ခလရ(၁၄၁) တပ်မှ ထွက်ပြေးလာတဲ့  တပ်သား ရဲထက်အောင်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဲဒီတပ်သားကို သက်ဆိုင်ရာ ပြည်သူ့ရင်ခွင်ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်ကလည်း စစ်ကောင်စီတပ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ဦးကို မန္တလေး – ဗန်းမော်လမ်းမှာပဲ ဖမ်းဆီးရမိခဲ့ကြောင်း Eagles Army-HPDF က အသိပေးထားပါတယ်။

တပ်မ(၈၈) ခလရ (၈၃)မှ ထွက်ပြေးလာတဲ့  တပ်သားသက်ကိုကိုထွေးနဲ့တပ်သားရှိုင်း၀ဏအောင်တို့ကို ဖမ်းမိခဲ့ပြီး သူတို့ကို ပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇွန်လ၁၁ရက်ကလည်း မန္တလေး – ဗန်းမော်လမ်းမှာပဲ စစ်ကောင်စီလက်အောက်ခံ ပုလိပ်ရဲတပ်ရင်း(၁၄)က ဒုရဲအုပ်သန်းဝင်းအောင်ကို မန္တလေး- ဗန်းမော် မဟာဗျူဟာလမ်းတစ်နေရာမှာဖမ်းမိရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar #မန္တလေး #ဗန်းမော် #ထီးချိုင့်