ပဲခူးတိုင်း၊ရေတာရှည်မြို့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင့်အင်းကုန်းကျေးရွာအုပ်စု ဂွေးသဲရွာထဲကို ၀င်လာတဲ့ စကစအင်အား(၂၀)ခန့်ကိုမနေ့ကတိုက်ခိုက်ခဲ့တယ်လို့ Yedashe-PDF ကထုတ်ပြန်ပါတယ်။
ဂွေးသဲရွာမှာသံတောင်မြောက်ပိုင်း အထူးဒေသဥက္ကဌဟောင်း ဦးကိုကြီးအဖွဲ့ (NTDF) နဲ့ Yedashe-PDF တို့ဟာနယ်မြေစိုးမိုးရေးအတွက်တပ်ထိုင်စခန်းချနေတာဖြစ်ပြီး စကစစစ်ကြောင်း၀င်လာတဲ့အချိန်မနေ့က၁၁နာရီလောက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
“နယ်မြေစိုးမိုးဖို့အတွက် ကျွန်တော်တို့ YPDF နဲ့ NTDP ကပူးပေါင်းထိုင်တာ၊ကျနော်တို့အဖွဲ့က တပ်ထိုင်နေတာကိုသူတို့က မသိပဲ၀င်လာတာ၊အဲ့အချိန်မှာ ကိုယ်ကလက်ဦးမှုယူပြီးပစ်တာ” လို့ Yedashe-PDF ရဲ့တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစတပ်သား(၅)ဦးခန့်အနည်းဆုံးသေပြီး စကစဘက်ကလက်နက်ကြီးနဲ့ပစ်လို့ ဒေသခံကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦးမစိုးရိမ်ရတဲ့ဒဏ်ရာအသေးစားရကာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
Yedashe-PDF နဲ့ NTDF ဟာဇွန်လ(၂၀)ရက်နေ့ကလည်းအင်အား(၄၀)ခန့်ရှိတဲ့စကစတပ်နဲ့ တိုက်ပွဲဖြစ်ပြီး စကစဘက်က(၁)ဦးသေဆုံးခဲ့ပါသေးတယ်။
#thenationvoicemyanmar
#ပဲခူး #ရေတာရှည် #စစ်တောင်းမြစ်