ပြင်းအား ၆.၁ မဂ္ဂနီကျူ့ရှိပြီး ပျက်စီးမှုများတဲ့ငလျင်နောက်ဆက်တွဲကို ရင်ဆိုင်နေရတဲ့အာဖဂန်နစ္စတန်နိုင်ငံမှာ အုပ်ချုပ်ရေးတာဝန်ယူနေတဲ့တာလီဘန်တွေက နိုင်ငံတကာအကူအညီတွေတောင်းခံလိုက်ပါတယ်။
ငလျင်ကြောင့် လူ(၁၀၀၀)ကျော်သေဆုံးခဲ့ပြီး အနည်းဆုံး (၁၅၀၀)ဒဏ်ရာရထားတဲ့အပြင် ပျက်စီးနေတဲ့ရွှံ့အိမ်တွေထဲမှာ မြုပ်နေတဲ့အရေအတွက်ကိုလည်း မသိရသေးပါဘူး။
အရှေ့တောင်ပိုင်းမှာရှိတဲ့ ပတ်တီကာပြည်နယ်ကို အဆိုးဆုံးထိခိုက်ခဲ့ပြီး အရေးပေါ်ခိုလှုံရာနဲ့ အစားအစာအကူအညီတွေပေးနိုင်ဖို့ ကုလသမဂ္ဂကလည်း အသည်းအသန်ကြိုးစားနေပါတယ်။

ဒါပေမဲ့ မိုးကြီးတာနဲ့ အရင်းအမြစ်တွေမရှိတာတို့ကြောင့် ကယ်ဆယ်ရေးကြိုးစားမှုတွေနှောင့်နှေးနေပါတယ်။
လမ်းတွေနဲ့ဆက်သွယ်ရေးတိုင်တွေပျက်စီးခဲ့သလို သေဆုံးသူတွေထပ်တိုးလာမယ်လို့ စိုးရိမ်နေတယ်ဆိုပြီး ငလျင်ဗဟိုချက်နားမှာရှိလို့ လုံးဝပျက်စီးသွားတဲ့ရွာတွေက အသက်ရှင်ကျန်ရစ်သူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀အတွင်း အပြင်းထန်ဆုံးငလျင်ဟာ ပြီးခဲ့တဲ့နှစ်မှာ အနောက်အုပ်စုထောက်ခံတဲ့အစိုးရပြိုပျက်ပြီးနောက် အာဏာပြန်ထိန်းသိမ်းထားတဲ့ အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ တာလီဘန်တွေအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။
ငလျင်ဟာ ခို့စ်မြို့ကနေ ၂၇ မိုင်ကွာတဲ့နေရာမှာလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်တွေကို အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာလည်း တွေ့ကြုံခဲ့ပါတယ်။
Source – BBC
#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #ငလျင် #အာဖဂန်နစ္စတန်