ဥက္ကံကတပ်ရင်းမှူးတပည့် ပြည်သူ့စစ်ခေါင်းဆောင်ဒလန်အောင်မိုးအသတ်ခံရ၊ OKKAN PDF တင်တဲ့ပို့စ်ကိုအသဲပေးလို့ဆိုပြီး ဒေသခံအမျိုးသမီး၂ဦးကိုစကစဖမ်းဆီး

ရန်ကုန်တိုင်း ဥက္ကံမြို့ ကင်းမတီးရွာအလယ်က ပြည်သူ့စစ်ခေါင်းဆောင်ဒလန်အောင်မိုးဆိုသူကို မနေ့ကသုတ်သင်ခဲ့တယ်လို့OKKAN PDFက ထုတ်ပြန်ပါတယ်။

အောင်မိုးဟာတပ်ရင်းမှူးရဲ့တပည့်ဖြစ်ပြီးပြည်သူလူထုရဲ့တိုင်ကြားချက်အရ သေနတ်နဲ့(၆)ချက်ပစ်ပြီးသုတ်သင်ခဲ့တာလို့သိရပါတယ်။

ပြည့်သူ့စစ်ခေါင်းဆောင်အောင်မိုးကိုရှင်းလင်းခဲ့တဲ့သတင်းကို OKKAN PDF ကထုတ်ပြန်ခဲ့ပြီးအဲ့ဒီပို့စ်ကိုအသဲပေးခဲ့တဲ့ ဥက္ကံက ဒေသခံအမျိုးသမီး(၂)ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီအမျိုးသမီးတွေဟာ ဥက္ကံမြို့ မင်းရဲကျော်စွာရပ်ကွက်မှာနေထိုင်တဲ့ မအေးသင်းဆိုသူနဲ့မွန်မွန်ဆိုသူ အမျိုးသမီးတို့ကို အသဲပေးလို့ဆိုပြီးမနေ့ညက ၁၂နာရီကျော်လောက်မှာ ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီဟာမြို့ကိုပတ်မွှေနေပြီးမဆိုင်တဲ့သူတွေကိုလျှောက်ဖမ်းနေတယ်လို့ OKKAN PDF က​ဆိုပါတယ်။

“တပ်ရင်းမှူးတော့တော်တော်တင်းနေတယ်သူအားကိုးရတဲ့ကျသွားလို့၊အခုပေါက်ကွဲပီးမြို့ကိုပတ်မွှေနေတယ်” လို့ OKKAN PDF ရဲ့တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

Okkan PDF အနေနဲ့ သတင်းအပေါ်မူတည်ပြီး အခါအခွင့်သင့်ရင်သင့်သလို စကစနဲ့ စကစဒေါက်တိုင်တွေကိုအမြစ်ပြတ်ချေမှုန်းသွားမယ်လို့လည်းဆိုပါတယ်။

#thenationvoicemyanmar #ဥက္ကံ #ရန်ကုန်