ရန်ကုန်တိုင်း၊ဥက္ကံမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ၀င်တစ်ဦးကို ပျူခေါင်းဆောင်နဲ့စကစတပ်သားတွေကဇွန်၂၂ရက်နေ့ညနေပိုင်းမှာ ၀ိုင်းပြီးရိုက်နှက်ထိုးကြိတ်လို့ မနေ့ကသေသွားတယ်လို့သိရပါတယ်။
သေဆုံးသွားတဲ့ ဇော်လွင်ဦး(ခ)ဖိုးဇော်ဆိုသူဟာ ကြံခိုင်ရေးပါတီ၀င်တစ်ဦးဖြစ်ကာ ပျူခေါင်းဆောင်ပြောင်ကြီးအပါအ၀င်ဗိုလ်တစ်ယောက်၊စစ်သားလေးယောက်နဲ့ရဲသုံးယောက်ကလမ်းမှာဖုန်းကိုစစ်ရင်း ၀ိုင်းပြီးရိုက်နှက်ထိုးကြိတ်ခဲ့တာကြောင့်သေဆုံးခဲ့ပြီး သတင်းကိုဖုံးထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ခုဆုံးတဲ့ကိုဖိုးဇော်ဆိုရင် ၂၂ရက်နေ့ညနေ ၆နာရီ ကျော်ကျော်လောက်မှာ သူ့ဖုန်းကိုစစ်တယ် စစ်လို့လည်း ပြီးရော အဆင်ပြေလား လို့ကပ်မေးလိုက်တာကို သူ့ကိုဒူးထောက်ခိုင်းပြီးရင်ဘတ်တွေကို ကန် ထုတယ်၊ခုကိစ္စကို ဥက္ကံကဘယ်သူမှမသိဘူး၊သတင်းဖုံးထားတယ် အရက်သောက်ပြီးသေသလိုလို”လို့ဒေသခံတစ်ဦးကပြောပါတယ်။
ကိုဖိုးဇော်ဟာရရှိတဲ့ဒဏ်ရာတွေကြောင့်အာတခြမ်းရွဲ့ပြီးဦးဏှောက်သွေးခဲကာ မနေ့နေ့လည်ကဆေးရုံမှာသေသွားတယ်လို့လည်းဆိုပါတယ်။
ဥက္ကံမြို့မှာတပ်ရင်းမှူးတပည့် ဒလန်အောင်မိုးကို OKKAN PDFကသတ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးယခုရက်ပိုင်းအတွင်းဖမ်းဆီးတာစစ်ဆေးတာတွေကို ပျူခေါင်းဆောင်ပြောင်ကြီးကဦးဆောင်ပြီးဆောင်ရွက်နေတာလို့သိရပါတယ်။
#thenationvoicemyanmar
#ရန်ကုန် #ဥက္ကံ