ရှန်ဟိုင်းမြို့မှာရှိတဲ့ကုမ္ပဏီရုံးချုပ်၊တတိယထပ်ကနေ ကားတစီးပြုတ်ကျခဲ့လို့ လူ ၂ ယောက်သေဆုံးခဲ့တယ်ဆိုပြီး တရုတ်လျှပ်စစ်ကားကုမ္ပဏီနီအိုကပြောပါတယ်။
အခုဖြစ်ရပ်ကြောင့် ကုမ္ပဏီဝန်ထမ်းတစ်ဦးနဲ့ မိတ်ဖက်ကုမ္ပဏီတခုကလူတစ်ဦးသေဆုံးခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှာ သေဆုံးခဲ့တဲ့လူ ၂ဦးက ကားပြုတ်ကျတုန်း ကားထဲမှာရှိနေတာလို့ ကုမ္ပဏီဘက်ကပြောပါတယ်။
အစိုးရအရာရှိတွေနဲ့ပူးပေါင်းပြီး ဖြစ်စဉ်ကို ချက်ချင်းစတင်စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။ တတိယထပ်ဟာ ကားပြခန်း၊ စမ်းသပ်မောင်းနှင်ကွင်းနဲ့ ကားရပ်နားစခန်းတဲ့ရှိတဲ့နေရာပါ။
ကားကြောင့်ဖြစ်တာမဟုတ်တဲ့ မတော်တဆမှုလို့ အခင်းဖြစ်ပွားတဲ့နေရာရဲ့အခြေအနေကို လေ့လာအကဲဖြတ်ပြီးနောက် ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး အဲဒီမှတ်ချက်ကို တရုတ်လူမှုကွန်ရက်အသုံးပြုသူတွေက ဒေါသနဲ့တုံ့ပြန်နေကြပါတယ်။
Source – BBC
#thenationviovemyanmar
#internationalnews
#နိုင်ငံတကာသတင်း #တရုတ်