ဒေါ်အောင်ဆန်းစုကြည်အကျဉ်းထောင်ပြောင်းရွှေ့ခံရမှုအပေါ် ကုလသမဂ္ဂ စိုးရိမ်

ဖမ်းဆီးခံအရပ်သားခေါင်းဆောင်၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကျဉ်းထောင်ထဲပြောင်းရွှေ့ထားလိုက်တဲ့ဖြစ်ရပ်အပေါ်  စိုးရိမ်တယ်လို့ ကုလသမဂ္ဂဘက်က ပြောလိုက်ပါတယ်။

ဇွန် ၂၃ ရက်က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ပြောခွင့်ရသူ စတီဖန် ဒျူရှာရစ်ကပြောတာပါ။

“နောက်ဆုံးအခြေအနေတွေအပေါ် ကျွန်တော်တို့ အလွန်စိုးရိမ်နေတယ်လို့ ပြောနိုင်ပါတယ်”လို့ ဒျူရှာရစ်ကပြောတာပါ။

အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေဟာ ကုလသမဂ္ဂရဲ့တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို စိုးရိမ်နေတယ်လို့လည်း ဒျူရှာရစ်ကပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းမှုအပြီး အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားပြီး ထုတ်ဖော်ပြောခြင်းမရှိတဲ့နေရာမှာ ထားတာပါ။

ဒါပေမဲ့ ဇွန် ၂၃ ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရာကနေ အကျဉ်းထောင်ထဲပြောင်းရွှေ့ခဲ့ပါတယ်။

Source – UN News

#thenationvoicemyanmar
#internationalnews
#နိုင်ငံတကာသတင်း #ဒေါ်အောင်ဆန်းစုကြည်
#ကုလသမဂ္ဂ #အကျဉ်းထောင်