ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ အသိသာဆုံးလက်နက်ဥပဒေကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်ပါတီဝင်အမတ်(၁၅)ဦးက ဒီမိုကရတ်အမတ်တွေနဲ့ပူးပေါင်းခဲ့လို့ ထောက်ခံမဲ ၆၅ မဲ၊ ကန့်ကွက်မဲ ၃၃ မဲနဲ့ အတည်ပြုခဲ့တာပါ။
ပြီးခဲ့တဲ့လနဲ့ အခုလအစောပိုင်းက အမေရိကန်မှာ ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပြီးနောက် ဥပဒေကိုအတည်ပြုတာပါ။
လက်ရှိမှာတော့ ဥပဒေကို သမ္မတ ဂျိုး ဘိုင်ဒန်က အတည်ပြုလက်မှတ်မထိုးခင် အောက်လွှတ်တော်မဲထပ်မံမဲခွဲဆုံးဖြတ်မှာပါ။
ရက်ပိုင်းအတွင်း မဲထပ်ခွဲဖို့ရှိလာနိုင်ပါတယ်။ ဥပဒေထဲမှာ အသက် ၂၁ နှစ်ထက်ငယ်တဲ့သေနတ်ဝယ်ယူသူတွေကို နောက်ကြောင်းရာဇဝင်တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့နဲ့ စိတ်ကျန်းမာရေးအစီအစဉ်တွေအတွက် ငွေကြေးထောက်ပံ့ဖို့၊ ကျောင်းလုံခြုံရေးအဆင့်မြှင်တင်ဖို့တို့အတွက် ဒေါ်လာသန်း (၁၅၀၀၀) သုံးသွားဖို့တို့ပါဝင်ပါတယ်။
လူ့အသိုက်အဝန်းအတွက် ခြိမ်းခြောက်မှုတစ်ခုအနေနဲ့သတ်မှတ်လို့ရတဲ့လူတွေဆီကနေ သေနတ်တွေဖယ်ရှားဖို့ ဥပဒေအကောင်အထည်ဖော်နိုင်အောင် ပြည်နယ်တွေကိုတိုက်တွန်းပေးဖို့ ရန်ပုံငွေလည်း တောင်းခံထားပါတယ်။
လက်မထပ်ဘဲအတူနေတဲ့စုံတွဲတွေမှာ အနိုင်ကျင့်တယ်လို့တရားရုံးအမိန့်ချခံထားရသူတွေကို သေနတ်အရောင်းပိတ်ဖို့လည်း ဥပဒေမှာပါဝင်ပါတယ်။
Source – BBC
#thenationvoicemyanmar #internationalnews #အမေရိကန် #လက်နက်ဥပဒေ