မန္တလေးမြို့မှာ ရှော့ဒုံးတွေနဲ့အတူ လူငယ်တစ်ဦးဖမ်းမိ

မန္တလေးမြို့လယ် ကျုံးဘေးကအိမ်ရာတစ်ခုမှာ ရှော့တိုက်ဒုံးတွေနဲ့အတူ လူငယ်တစ်ဦးကိုဒီနေ့ နေ့လယ်က ဖမ်းမိထားတယ်လို့ စစ်ကောင်စီက သတင်းတွေဖြန့်နေပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ၇၃လမ်းနဲ့၇၄လမ်းကြား၊၂၆လမ်းနဲ့၂၇လမ်းကြားမှာရှိတဲ့ သီရိမင်္ဂလာအိမ်ရာ(ပြည်တော်သာအိမ်ရာ)ဟာ စစ်အုပ်စုအကြီးအကဲတွေ၊ စစ်အုပ်စုနဲ့နီးစပ်သူတွေ အများဆုံး အဝင်အထွက်ပြုလုပ်နေတဲ့နေရာဖြစ်ပြီး အဲဒီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

လူငယ် (၃) ဦးအနက် (၂) ဦးမှာ လွတ်မြောက်သွားပြီး လက်ရှိမှာတော့ လူငယ်တစ်ဦးကို ဖမ်းမိထားကာ အဲဒီအိမ်ရာနဲ့ အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှု‌တွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#thenationvoicemyanmar

#မန္တလေး #ရှော့တိုက်ဒုံ