ရေဖြူမှာ မူးယစ်ဂိုဏ်းကို ရေဖြူပ.က.ဖ ဖမ်းဆီ

တနင်္သာရီတိုင်း၊ထား၀ယ်ခရိုင်၊ရေဖြူမြို့နယ်၊ပုဂေါဇွန်းရွာနဲ့မင်းဒပ်ရွာကြားမှာ မူးယစ်ရောင်း၀ယ်ရေးဂိုဏ်းတစ်ခုကို မနေ့၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ရေဖြူ-ပ.က.ဖ ရဲဘော်တွေက မနေ့ကနေ့လည်၃နာရီလောက်မှာ ၀င်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မူးယစ်ဂိုဏ်းဆီက WY စိတ်ကြွရူးသွပ်ဆေးပြား(၁၂၀၀) ပြား၊ Ice (၁၆)တောင့် အထုပ် (၃)ထုပ်၊ဟန်းဖုန်း(၇) လုံး၊ငွေသား(၉၅၂၉၀၀)ကျပ်(ကိုးသိန်းငါးသောင်းနှစ်ထောင့်ကိုးရာကျပ်)နဲ့ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမူးယစ်ဆေး၀ါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးသိမ်းဆည်းရမိတဲ့ပိုက်ဆံတွေကိုတော့ တော်လှန်ရေးမှာအသုံးပြုသွားမယ်လို့လည်း ရေဖြူ-ပ.က.ဖ ကဖော်ပြထားပါတယ်။

#thenationvoicemyanmar
#ရေဖြူ #တနင်္သာရီ #ထားဝယ် #မူးယစ်ဆေးဝါး