လူ(၁၀၀၀)ကျော်သေဆုံးခဲ့တဲ့ငလျင်ကနေ အသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေတာ ရပ်ဆိုင်းလိုက်ပြီလို့ အာဖဂန်နစ္စတန်အရာရှိကြီးတစ်ဦးက သောကြာနေ့မှာပြောပြီး ဆေးတွေနဲ့ တခြားအရေးကြီးတဲ့အထောက်အပံ့တွေမလုံလောက်ဘူးလို့လည်း ပြောပါတယ်။
ပါကစ္စတန်-အာဖဂန်နယ်စပ်နားက လူနေနည်းတဲ့ဒေသမှာ ဗုဒ္ဓဟူးနေ့ကငလျင်ကြောင့် လူ(၂၀၀၀) လောက်ဒဏ်ရာရခဲ့ပြီး အိမ်(၁၀၀၀၀)လောက် တစိတ်တပိုင်းဖြစ်စေ၊လုံးဝဖြစ်စေပျက်စီးခဲ့တယ်လို့ အာဖဂန်သဘာဝဘေးဝန်ကြီးဌာနပြောခွင့်ရသူ မိုဟာမက် နက်ဆင် ဟက်ကာနီက ရိုက်တာသတင်းအေဂျင်စီကိုပြောပါတယ်။
(၄၈)နာရီအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘာလို့ရပ်ဆိုင်းလိုက်လဲဆိုတာကိုတော့ သူကမပြောပါဘူး။
တခြားငလျင်တွေက အသက်ရှင်ကျန်ရစ်သူတွေကို အပျက်အစီးတွေထဲကဆွဲထုတ်ဖို့ အချိန်ပိုယူရလေ့ရှိပါတယ်။
ငလျင်ကြောင့်ထိခိုက်သူတွေကို အကူအညီပေးဖို့လည်း ဆက်သွယ်ရေးခက်ခဲနေတာနဲ့ လမ်းမကောင်းတာတွေကြောင့် နှောင့်နှေးနေပါတယ်။
ဒဏ်ရာရသူတွေကို ကုသပေးဖို့ လိုအပ်တဲ့အရေးတကြီးပစ္စည်းတွေ အာဖဂန်မှာမလုံလောက်ဘူးလို့လည်း ဟက်ကာနီကပြောပါတယ်။
Source – Reuters
#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #ငလျင် #အာဖဂန်နစ္စတန်