ဝက်လက်နက်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ် ကမ်းဖြူကျေးရွာကို ကားခုနစ်စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို Bo Tiger-ဗိုလ်ကျားကြီးတို့အဖွဲ့နဲ့ GZ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီယာဉ်တန်းဟာ စဉ့်ကူးနယ် ကြက်တူရွေးကျေးရွာဘက်ကနေ ကူးလာတာဖြစ်ပြီး ဇွန်လ (၂၂)ရက် မနက်(၈)နာရီခွဲအချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်ကာ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့ပေမယ့် အင်အားမမျှတာကြောင့် ပြန်လည်ဆုတ်ခွါလာရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ကမ်းဖြူရွာက နေအိမ် အလုံး(၃၀)နဲ့ ဆိုင်ကယ် (၁၀)စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မနေ့က ဇွန်လ (၂၃)ရက် နေ့လယ်ပိုင်းမှာလည်း ဂျက်လေယာဉ်တစ်စီးက ကမ်းဖြူရွာတစ်ဝိုက်ကို ပျံဝဲနေစဉ် ရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့သေးတယ်လို့ ဆက်လက်ထုတ်ပြန်ထားပါတယ်။

#thenationvoicemyanmar
#ဝက်လက် #ကမ်းဖြူရွာ