ဝိုင်းမော်မှာ စစ်ကောင်စီရဲ့ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်လို့ KIA အရာရှိတစ်ဦးကျဆုံ

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကပစ်ခတ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အရာရှိတစ်ဦး ကျဆုံးခဲ့ရတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဇွန်လ ၂၂ရက်က ဝိုင်းမော်မြို့နယ်၊အောင်မြေ (၂) ကျေးရွာမှာ KIA က မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းဆီးရာမှာ လွတ်မြောက်သွားတဲ့သူတစ်ဦးက ပြည်သူ့စစ်အဖွဲ့ကို သွားရောက်တိုင်ကြားခဲ့တာ ကြောင့် ပြည်သူ့စစ်အဖွဲ့က KIA တပ်ဖွဲ့တွေကို ဝိုင်းဝန်းပစ်ခတ်တာလို့ ကချင်သတင်းဌာန KNG က ဖော်ပြထားပါတယ်။

KIA အရာရှိ ကို ပစ်ခတ်ခဲ့တာဟာ လီဆူပြည်သူ့စစ်တပ်ဖွဲ့ဖြစ်တယ်လို့The 74 Media က ဖော်ပြထားပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် KIA အရာရှိ ကျဆုံးတာကို အတည်ပြုခဲ့သော်လည်း အခုဖြစ်စဉ်အပေါ် မှတ်ချက်ပေးလိုတာ မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA အနေနဲ့ စစ်ကောင်စီရဲ့ထောက်တိုင်တွေ ဖြစ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့(BGF)နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ တွေကို ရန်သူအဖြစ် သတ်မှတ်ကြောင်း အသိပေးထားပါတယ်။

#thenationvoicemyanmar #KIA
#ဝိုင်းမော် #ကချင် #ပြည်သူ့စစ် #ကချင်လွတ်လပ်ရေးတပ်မတော်

Leave a Reply

Your email address will not be published. Required fields are marked *