ရန်ကုန်တိုင်း၊သာကေတမြို့နယ်က ရေတပ်၀န်းဂိတ်နဲ့ ဒေါပုံမြို့နယ်မြို့သစ်ရပ်ကွက်မှာအသစ်ဆောက်ထားတဲ့စကစရဲ့ဘန်ကာ၂ထပ်တိုက်ကိုဒီနေ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces(GHF)ကထုတ်ပြန်ပါတယ်။
ဒေါပုံမြို့ကဘန်ကာကို ၁၂နာရီ၁၅မှာတိုက်ခိုက်ခဲ့ပြီးသာကေတဂိတ်ကို ၁၂ခွဲလောက်မှာတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးတွေကိုအောင်မင်္ဂလာစစ်ဆင်ရေးလို့အမည်ပေးထားပြီးYangon Ug Association (YUA)ရဲ့ တိုက်ခိုက်မှုတစိတ်တဒေသဖြစ်တယ်လို့ GHF ကဖော်ပြန်ထားပါတယ်။
တိုက်ခိုက်မှုတွေနဲ့ပတ်သတ်ပြီးထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
GHF ဟာစစ်ဆင်ရေးတွေကို ပြန်လည်ဖော်ဆောင်နေပြီး စကစနဲ့ပတ်သတ်တဲ့နေရာတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့လည်း ဇွန်၁၈ရက်နေ့ကထုတ်ပြန်ထားပါသေးတယ်။
#Thenationvoicemyanmar #GHF #ရန်ကုန် #သာကေတ #ဒေါပုံ