စစ်ကိုင်းတိုင်းထဲက အင်းတော်-ဗန်းမောက်ကားလမ်းကို ယာယီပိတ်လိုက်တယ်လို့ အင်းတော် တော်လှန်ရေးအင်အားစု IR Team က ဒီကနေ့ ဇွန်လ (၂၄) ရက်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလမ်းပိုင်းကို ဒီကနေ့ ဇွန်လ (၂၄) ရက် မနက် (၆) နာရီကနေ ဇွန်လ (၂၅) ရက် မနက် (၆) နာရီအထိ ယာယီပိတ်လိုက်တာဖြစ်ပြီး သုံးဘီး၊ ဆိုင်ကယ်၊ ကားစတဲ့ မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ သတိပေးထားပါတယ်။
စည်းကမ်းချက်ကို မလိုက်နာဘဲ တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက ဒေသကာကွယ်ရေးအဖွဲ့မှ လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါကြောင့် အင်တာနက်လိုင်းရတဲ့ ပြည်သူတွေအနေနဲ့ အချင်းချင်း ဖုန်းနဲ့ဖြစ်စေ၊ အခြားနည်းနဲ့ဖြစ်စေ ဆက်သွယ်အသိပေးကြဖို့ ပန်ကြားထားပါတယ်။
#thenationvoicemyanmar
#အင်းတော် #အင်းတော်_ဗန်းမောက်ကားလမ်း #ယာယီပိတ်