ပြီးခဲ့တဲ့တပတ်က ရုရှားနိုင်ငံရဲ့စီးပွားရေးဆွေးနွေးမှုကိုတက်ရောက်ရင်း ရုရှားအစိုးရပိုင်နျူကလီးယားစွမ်းအင်လုပ်ငန်းနဲ့ နျူကလီးယားစွမ်းအင်အရေးပူးပေါင်းဆောင်ရွက်ဖို့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး သောင်းဟန်က ရုရှားအစိုးရပိုင်နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ညွှန်ကြားရေးမှူးချုပ် အဲလက်ဆီ လီခါချက်ဗ်နဲ့ တွေ့ဆုံခဲ့ပြီး နျူကလီးယားစွမ်းအင်နဲ့ လျှပ်စစ်ထုတ်လုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာရဲ့ဖယ်ကျဉ်ထားမှုနဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် ပိုဆိုးလာတဲ့ လောင်စာနဲ့လျှပ်စစ်ပြတ်လပ်မှုကို အာဏာသိမ်းစစ်တပ်ရင်ဆိုင်နေရဆဲပါ။
ဓာတ်ဆီထောက်ပံ့မှု၊ လျှပ်စစ်ထုတ်လုပ်မှုတို့နဲ့ပတ်သက်ပြီး အခုခရီးစဉ်မှာ ဆွေးနွေးမှုတွေနဲ့ သဘောတူညီမှုအမြောက်အမြားပြုလုပ်ခဲ့ပြီး စွမ်းအင်လိုအပ်ချက်ပြည့်မီရေး ရုရှားနဲ့ရေရှည်ပူးပေါင်းဆောင်ရွက်ဖို့လည်း အာဏာသိမ်းစစ်တပ်အရာရှိကြီးတွေဆွေးနွေးခဲ့ပါတယ်။
ဇွန် ၁၅ ရက်ကနေ ၁၈ရက်အထိပြုလုပ်တဲ့(၂၅)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်ကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ သန်းသန်းဆွေအပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့စီးပွားကူးသန်းနဲ့ စွမ်းအင်ကဏ္ဍကဝန်ကြီးတွေတက်ရောက်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ The Global New Light of Myanmar (GLNM) ကဖော်ပြပါတယ်။
Source – GNLM
#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #ရုရှား #နျူကလီးယား #လျှပ်စစ် #စွမ်းအင်