အာသံရိုင်ဖယ်တပ်မ တပ်ခွဲ(၂၃) ဆာချစ်တပ်ရင်းရဲ့တပ်ဖွဲ့ဝင်တွေက ရူပီး(၁)သိန်းတန်ဖိုးရှိတဲ့မက်သာဖက်တမင်းဆေးပြားတွေကို ချန်ပိုင်ခရိုင်၊ ဇိုကော်သာမြို့မှာ ဇွန် ၂၄ ရက်က ဖမ်းဆီးရမိခဲ့ပါတယ်။
(၄.၇၅)ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဆေးပြား (၅၁၀၀၀)ကို ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
သယ်ဆောင်လာသူတွေဟာ မြန်မာနိုင်ငံသား ချင်းလူမျိုးဆွမ်လန်၊ မီဇိုရမ်ပြည်နယ်၊ဇိုကော်သာမြို့ခံ လီယန်ဇာမာနဲ့ ချန်ပိုင်ခရိုင်ဒေသခံ လယ်ကရိုစိုင်အော် တို့ဖြစ်တယ်လို့လည်း သိရပါတယ်။
တရားဥပဒေလုပ်ငန်းစဉ်တွေဆက်လုပ်ဖို့ သူတို့ကို ခရိုင်ရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးထားတယ်လို့လည်း အသိပေးပါတယ်။
Source – North East Today
#thenationvoicemyanmar #internationalnews #နိုင်ငံတကာသတင်း #အိန္ဒိယ #မူးယစ်ဆေး