ကျေးရွာတွေက်ိုမီးရှို့ပြီး ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စကစတပ်ကို ဒေသခံ(ပ.က.ဖ) တွေက လက်နက်ကြီးနဲ့ပစ်

ဇူလိုင် ၃၀၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးဘက်မှာ မနေ့က ရေခါးကျေးရွာနဲ့ဒူးထောက်ရွာတို့ကိုမီးရှို့ပြီး ပေပင်ကန်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စကစတပ်ကို မဟာမိတ်တွေနဲ့အတူပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Special Regional Atracks Force-MWA ကထုတ်ပြန်ပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ စကစတပ်သား(၉)ဦးသေဆုံးသွားခဲ့တာကို ရဲဘော်တွေရဲ့ သတင်းပေးချက်အရသိရတယ်လို့ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင် အမှတ်(၁) တပ်ရင်း၊တပ်ခွဲ (၄) Special Regional Attacks Forces-MWAနဲ့အတူ တောသားကြီးပြောက်ကြားလက်နက်ကြီးတပ်ဖွဲ့နဲ့ အခြားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *