ဇူလိုင် ၃၀၊The Nation Voice
တည်ငြိမ်အေးချမ်းမှုတွေ တရားဥပဒေစိုးမိုးမှုတွေဟာ ၂၀၂၁ ခုနှစ်ကထက် များစွာတိုးတက်ပြောင်းလဲသွားပြီလို့ စစ်ခေါင်းဆောင်ပြောပြီး (၂၄) နာရီမပြည့်ခင်ရန်ကုန်မှာ ဗုံးတွေဆက်တိုက်ကွဲခဲ့ပါတယ်။
သူအာဏာသိမ်းပြီး အရေးပေါ်ကာလထပ်မံတိုးမြှင့်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့က စတင်လို့ (၆) လတာကာလအတွင်း တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်သုံးသပ်ရာမှာ တချို့သောဒေသတွေကလွဲရင် ၂၀၂၁ ခုနှစ်ထက် များစွာတိုးတက်ပြောင်း လဲသွားပြီး တည်ငြိမ်အေးချမ်းမှုတွေလည်းရရှိလာပြီဖြစ်တယ်လို့ စစ်ခေါင်းဆောင်ကပြောဆိုခဲ့တာပါ။
အဲဒီနောက် မနေ့ညပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်အချို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်တော်သားတွေထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်ပြောတဲ့ တရားဥပဒေစိုးမိုးမှုဟာ စာရွက်ထဲမှာသာရှိပြီး မြို့ပြတွေဖြစ်တဲ့ ရန်ကုန်၊မန္တလေးတို့မှာ လုယက်သတ်ဖြတ်တာတွေနဲ့ ဓါးပြမှုတွေဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေပါတယ်။