တပ်ရင်း ၁၁၀၁၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဗျူဟာပိုင်းဆိုင်ရာမွန်းမံသင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

ဇူလိုင် ၃၀၊The Nation Voice

တပ်ရင်း ၁၁၀၁၊အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဗျူဟာပိုင်းဆိုင်ရာမွန်းမံသင်တန်း အပတ်စဉ်(၃)ကပုံရိပ်တချို့ကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ဖော်လာပါတယ်။

အဲ့ဒီသင်တန်းမှာတော့ အခြေခံစစ်ပညာပြန်လည်နွေးပေးတာ၊ဗျူဟာပိုင်းဆိုင်ရာစစ်ဆင်ရေးလေ့ကျင့်ပေးတာတွေအပြင် သင်တန်းနားရက်တစ်ရက်မှာတော့ လက်တွေ့အတက်အဆုတ်လေ့ကျင်ပေးတာ၊တပ်သားများရင်းနှီးမှုပိုမိုရရှိဖို့ တော်လှန်ရေးတစ်နှစ်ကြော်ကြာကာလအတွင်းအတွေ့အကြုံတွေ နှီးနှောဖလှယ်ဖို့ မီးပုံပွဲကျင်းပပေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားမှာတော့ ပထမဦးစွာဘုရားသခင်အမှူးထားပြီးဆုတောင်း မေတ္တာခံယူခြင်း၊တပ်ရင်းမှူး၊ဒုရင်းမှူး နဲ့တာဝန်ရှိသူတွေက အမှာစကားပြောကြားခြင်း၊ခွန်အားပေးစကားတွေပြောကြားခြင်း၊ပကဖရဲ့ တာဝန်ရှိသူတစ်ဦးက PDF ရဲဘော်တွေကို တိုက်တွန်းခွန်အားပေးစကားပြောကြားခြင်း အစတဲ့အစီအစဉ်တွေနဲ့သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *