ဇူလိုင် ၃၀၊The Nation Voice

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲကနေပြန်လာပြီးခရီးတထောက်နားတဲ့ရွာထဲက “သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်း” ကျောင်းကို K-PDF ရဲဘော်တွေက ကျောင်းနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်လုပ်အားပေးနေတဲ့မြင်ကွင်းကို K-PDF ရဲ့လူမှုကွန်ယက်မှာဖော်ပြလာပါတယ်။
“တိုက်ပွဲအပြန် ကျနော်တို့တစ်ထောက်နားတဲ့ ရွာ
လေးအတွင်းက ဖက်ဒရယ်ကျောင်းလေးတစ်ခုဖြစ် တဲ့”သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်း” ကျောင်းလေးမှာကျနော်တို့ K.PDF ရဲဘော်များက ကျောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းလှပရေးအတွက် လုပ်အားပေးဖြစ်ခဲ့ပါတယ်။ကျနော်တို့အတွက် ပြည်သူသာလျှင်အဓိကပါ။ အရေးတော်ပုံအောင်ရမည်”လို့လည်း မိုးမိတ်ခရိုင် KPDF တပ်ရင်းက သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါသေးတယ်။
မိုးမိတ်ခရိုင် KPDF တပ်ရင်းဟာ ဇူလိုင်(၂၁)ရက်တုန်းကလည်း စကစနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စကစဘက်မှ(၃)ဦးသေဆုံးကာ (၁၀)ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။

