ဇူလိုင် ၃၀၊ The Nation Voice

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့က ပြည်သူ့စစ်တွေကို စစ်ကောင်စီက အခမ်းအနားနဲ့ လက်နက်ထောက်ပံ့ပေးခဲ့တယ်လို့ စစ်လော်ဘီတွေက ဒီနေ့ သတင်းဖြန့်နေပါတယ်။
မကွေးမြို့၊ အောင်ရတနာရပ်ကွက်မှာရှိတဲ့ ခမရ(၃ဝ၁)က “သီဟသူရ ကျင်စံ” ခန်းမမှာ တမခ(၈၈)၊ မကွေးစစ်မှုထမ်းဟောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်တွေကို လက်နက်တွေပေးလိုက်ပြီဖြစ်တယ်လို့ စစ်တပ်လော်ဘီတွေက ဖြန့်နေကြတာပါ။

အဲဒီပြည်သူ့စစ်တွေကို ထောက်ပံ့ပေးခဲ့တဲ့ လက်နက်တွေကတော့ ကာဘိုင်သေနတ်တွေနဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် ရိုင်ဖယ်တွေဖြစ်ပြီးတော့ အခြားထောက်ပံ့ပစ္စည်းတွေကိုလည်းပေးအပ်ခဲ့ပါသေးတယ်။
ပြည်သူ့စစ်တွေကို ရက်ပိုင်းအတွင်း အခုလိုထောက်ပံ့လာရတာကလည်း စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးက စစ်တပ်ဆီမှာ သင်တန်းတက်ပြီး ထွက်ပေါ်လာတဲ့ ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးနိုင်မယ်ဆိုရင် PDF စခန်းတွေကို သိမ်းပိုက်နိုင်မှာဖြစ်တဲ့အတွက် အမြန်ဆုံးတပ်ဆင်ပေးဖို့ မြှောက်ပေးခဲ့တာလို့ ဆိုရှယ်မီဒီယာသုံးစွဲသူတွေဆီက သိရပါတယ်။
