ဇူလိုင် ၃၀၊ The Nation Voice
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းက ရဲ သုံးယောက် စျေးဝယ်ထွက်လာချိန် ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ PDF -Gangaw တောင်ပိုင်းအဖွဲ့က ဒီကနေ့ ဇူလိုင်လ (၃၀) ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့နေ့လယ် (၁၂) နာရီခွဲလောက်က ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းမှ စျေးဝယ်ထွက်လာတဲ့ ရဲ သုံးယောက်ကို အား PDF-GANGAW တောင်ပိုင်း ရဲဘော်များမှ ချောင်းမြောင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ရဲခွေး ၂ ကောင်သေပြီး ရဲခွေး ၁ ကောင်မှာနံကြားသို့သေနတ်မှန်ဒဏ်ရာဖြင့် ထွက်ပြေးသွားပါသည် “လို့ ဖော်ပြပါတယ်။
ရဲ သုံးယောက်ပစ်ခတ်ခံရပြီးနောက် ရဲစခန်းအတွင်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် PDF-GANGAW တောင်ပိုင်းရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။