ဇူလိုင် ၃၀၊ The Nation Voice
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်မှာ စစ်ကောင်စီရဲ့ထောက်တိုင် Denko ဆီဘောက်ဆာကားတစ်စီးကို ဇူလိုင် ၃၀ရက် ဒီနေ့နေ့လည်ကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။
ဒီဆီဘောက်ဆာကို မဟာမိတ်တွေဖြစ်တဲ့ Shwe Bo Defense Force (SBDF)IGZ Special Task Force ပျောက်ကြားတပ်ဖွဲ့၊တောကြီးမြွေပွေး ပျောက်ကြားတပ်ဖွဲ့နှင့်ရွှေချိုးဖြူပျောက်ကြား တပ်ဖွဲ့တို့နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း(၂၃)ကထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ပတ်သတ်တဲ့ ဘယ်လုပ်ငန်းမျိုးကိုမဆို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါသေးတယ်။

